MMM Global မှာ ငွေထုတ်ခြင်း (အတိုကောက် = GH)
- MMM က သင့်ရဲ့ ငွေပမာဏကို အချိန်မရွေး ပြန်ထုတ်ခွင့်ပြုထားပါတယ်။ အနည်းဆုံး $10 ကနေပြီး စထုတ်လို့ ရပါတယ်။ လကုန်မှ ထုတ်ရတာမျိုး၊ သတ်မှတ်ကာလ တစ်ခုရောက်မှ ထုတ်ရတာမျိုး လုံးဝ မဟုတ်တဲ့အတွက်ကြောင့် အရမ်း အဆင်ပြေပါတယ်။
- သင်ဟာ MMM ကနေ ငွေထုတ်တော့မယ် ဆိုရင် Letter of Happiness (အတိုကောက် LOH) ဆိုပြီး ရေးပေးရပါတယ်။ Letter of Happiness ဆိုတာ MMM မှာ လုပ်ရတာ ပျော်ကြောင်း ၊ ဘယ်နေ့က ငွေဘယ်လောက် ရရှိကြောင်း အစရှိသဖြင့် အင်္ဂလိပ်လို စာ ၃ ၊ ၄ ကြောင်း ရေးပေးရတာပါ။ LOH က ရေးကို ရေးရပါမယ်။ တကယ်လို့ သင်က LOH အပြင် သင့်မျက်နှာမပါဘဲ MMM မှာ ငွေထုတ်တဲ့ Video ကို You Tube ပေါ်တင်ပြီး Link ထည့်ပေးမယ် ဆိုရင်တော့ မိမိ ထုတ်တဲ့ ပမာဏရဲ့ 3% (ဥပမာ - $200 ထုတ်ပါက 3% Bonus အနေနဲ့ $6 ကျပ်) ကိုပါ ထပ်မံ ရရှိမှာ ဖြစ်ပါတယ်။ တကယ်လို့ သင်က LOH အပြင် သင့် မျက်နှာနဲ့ အသံပါ ပါတဲ့ ငွေထုတ်တဲ့ Video ကို You Tube ပေါ်တင်ပြီး Link ထည့်ပေးမယ် ဆိုရင်တော့ မိမိထုတ်တဲ့ ပမာဏရဲ့ 5% (ဥပမာ - $200 တယ်ဆိုရင် 5% Bonus အနေနဲ့ $10) ကိုပါ ထပ်မံ ရရှိမှာ ဖြစ်ပါတယ် ။ Video ရိုက်ပြီး LOH ရေးတဲ့အချိန်မှာ ထည့်ပေးလိုက်ရင် သင်ဟာ Bonus 3% or 5% ကိုပါ ရရှိသွားမှာပါ
MMM Global မှာ ငွေထုတ်ရင် သတိထားရမယ့် အချက်များ
- တစ်ခု သတိပေးချင်ပါတယ်။ GH လုပ်ရင် ဒီအချက်ကို သတိထားပေးပါ။ သူ ငွေပို့ပြီးပြီ။ Confirm လုပ်ပေးပါဆိုတိုင်း ချက်ချင်း Confirm မလုပ်ပေးပါနဲ့။ သူတို့ ပို့ပေးတဲ့ ငွေလွှဲပြီးကြောင်း ဓာတ်ပုံတွေလဲ ဘယ်တော့မှ မယုံပါနဲ့။ ဘယ်တော့မဆို Coinbase ထဲကို အရင်ဝင်ကြည့်ပါ။ နောက်ပိုင်းမှာ ငွေမလွှဲရသေးပဲနဲ့ လိမ်ပြီး လွှဲပြီးပြီဆိုပြီး Confirm လုပ်ခိုင်းတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် Coinbase ထဲ ငွေ မရောက်မချင်း လုံးဝ Confirm မလုပ်ပေးပါနဲ့။
- တကယ်လို့ သူငွေလွှဲလာပြီး ငွေရောက်တာ သေချာပြီဆိုရင် For Execution Remain ဆိုတဲ့ အချိန်မကုန်ခင် Confirm လုပ်ပေးပါ။ သူတကယ် ငွေလွှဲပေးပြီး ကိုယ်က အချိန်မကုန်ခင် Confirm မလုပ်ပေးနိုင်ရင် ကိုယ့် Account အပိတ်ခံရမှာပါ။ ဒါကြောင့် သတိထားပေးပါ။ ကိုယ့် Coinbase ထဲကို ငွေမရောက်ဘူး ဆိုရင်တော့ For Execution Remain ဆိုတဲ့ အချိန် ကုန်ရင် ကုန်ပါစေ။ လုံးဝ Confirm မလုပ်ပေးပါနဲ့
MMM Global မှာ ငွေထုတ်နည်း
- MMM မှာ ငွေထုတ်တော့မယ် ဆိုရင် အရင်ဆုံး Get Help ကို နှိပ်ပါ။
- Select Bank Account or Card Register Earlier ကို နှိပ်ပြီး Next ကို နှိပ်ပါ
- Next ထပ်နှိပ်ပါ
- Maximum tto withdrawal ဆိုတာက အများဆုံး ထုတ်လို့ရတဲ့ ပမာဏ (အရင်းရော အတိုးရော) ကို ပြောတာပါ
- Mavro Purses Available မှာ ရေးထားတဲ့ 20%-100% deposit ဆိုတာတွေက MMM Global မှာ ကိုယ်သွင်းထားတဲ့ ပမာဏပါ။ ကိုယ်ရင်းထားတဲ့ အရင်းပေါ့။ Interest လို့ ပါတာတွေက ကိုယ်ထုတ်လို့ရတဲ့ အတိုးပမာဏပါ။ Leftover account ဆိုတာက တစ်ခါတလေ ကိုယ့်ရဲ့ အတိုးတွေကို ပေါင်းလိုက်တော့ ၁၀ ဂဏန်း ကွက်တိ မဟုတ်တာမျိုးတွေ ဖြစ်နေတယ်။ ဥပမာ - ကိုယ်ထုတ်လို့ရတဲ့ အတိုးက $105 ၊ သူက ဆယ်ဂဏန်းနဲ့ ဆုံးတာပဲ ထုတ်လို့ရတာ ဖြစ်တဲ့အတွက် $100 ကိုပဲ ထုတ်လို့ ရပါမယ်။ ဒါဆို $5 က ထပ်ထုတ်လို့ ရသေးတာ ဖြစ်တဲ့အတွက် Left Over မှာ 5 ကျပ် ဆိုပြီး ပြနေပါလိမ့်မယ်။ နောက်တစ်ခေါက် ငွေထုတ်ရင် ပေါင်းထည့်ပေးသွား ပါလိမ့်မယ်။ Total Withdrawal Amount ဆိုတာကတော့ ကိုယ်ထုတ်လို့ရတဲ့ ပမာဏ (ဥပမာ - $100) ကို ပြနေပါလိမ့်မယ်။
- အတိုးပဲ ပြန်ထုတ်ချင်တဲ့ သူတွေဆို Interest ပါတဲ့ စာကြောင်းတွေ အကုန်လုံးမှာ all > ခလုတ်ကို နှိပ်ပြီး ထုတ်နိုင်ပါတယ်။
- ပြီးရင် Next နှိပ်လိုက်ပါ
- ပြီးရင် Next ထပ်နှိပ်လိုက်ပါ
- OK နှိပ်လိုက်ပါ
- ဒါဆို ဘေးမှာ Request to Get Help ဆိုပြီး ပေါ်လာပါလိမ့်မယ်
- နောက် ၄ ၊ ၅ နာရီလောက်ဆို ဝင်ကြည့်လိုက်ပါ။ ဘေးမှာ ပုံထဲကလို အကွက်လေး ပေါ်လာပါလိမ့်မယ်။ ပုံပါအတိုင်းဆို ၃၆ နာရီအတွင်း ဟိုဘက်က ငွေလွှဲလာပေးရမှာပါ။ အပြာလုံးလေးလည်း ပေါ်နေပါလိမ့်မယ်။
- GH လုပ်ပြီးပြီဆို ကိုယ့်ရဲ့ Coinbase Account ထဲမှာ ဝင်ဝင်ကြည့်ပေးပါ။ သူစလွှဲပေးလိုက်ပြီဆို Coinbase ထဲမှာ Pending ဆိုပြီး ပေါ်နေရင် Confirm မလုပ်ပေးပါနဲ့ဦး။ Pending က နောက် နာရီဝက် ၁ နာရီလောက်မှ ပျောက်သွားပါလိမ့်မယ်။ Pending ပျောက်သွားပြီး ကိုယ့် Coinbase Account Balance ထဲမှာ ရောက်ပြီ ဆိုမှသာ Confirm လုပ်ပေးပါ။
- သူတို့က ငွေလွှဲပြီးပြီဆိုရင် အပြာရောင်ကနေ အစိမ်းရောင် အမှန်ခြစ် တစ်ဝက်လေး အနေနဲ့ ပြောင်းသွားပါလိမ့်မယ်။ ကိုယ့် Coinbase ထဲမှာလည်း စစ်လို့ ငွေရောက်တာ သေချာပြီဆိုရင် Confirm လုပ်ပေးဖို့အတွက် Detail ကို နှိပ်ပါ
- Confirm Funds Reception ကို နှိပ်ပါ
- OK ကို နှိပ်ပါ
- Letter of Happiness ကို ရေးပေးပါ။ Letter of Happiness ရေးမယ်ဆိုရင် ကိုယ့်နာမည်၊ Participant သို့မဟုတ် Guider ဖြစ်ကြောင်း၊ နေထိုင်တဲ့ နိုင်ငံ၊ ငွေထုတ်တဲ့ ရက်စွဲနဲ့ ထုတ်တဲ့ ငွေပမာဏ တွေကို ပါအောင် ရေးပေးပါ။ ကျန်တာကတော့ ကိုယ်ကြိုက်ရာ ရေးထည့်နိုင်ပါတယ်။
- ကိုယ်က Letter of Happiness တင်မဟုတ်ဘဲ Video ကို You Tube ပေါ် တင်ပြီး Link ထည့်ပေးမယ်ဆိုရင် ကိုယ် Video ကိုတင်ပေးပြီး I want to get bonus for video ကို အမှန်ခြစ်နှိပ်ပါ။ Video မထည့်ဘူး ဆိုရင်တော့ I want to get bonus for video မှာ အမှန်ခြစ်ကို ဖျောက်ပါ။ ပြီးရင် Next ကို နှိပ်ပါ
- ဒါဆို ငွေထုတ်ပြီး သွားပါပြီ။ သတိပေးတာတွေကို အမြဲ မှတ်ထားပါ။ သူငွေလွှဲပြီးပြီပြောတိုင်း ငွေလွှဲပြီးတဲ့ ဓာတ်ပုံတွေ ပို့လာတိုင်း Confirm မလုပ်ပေးလိုက်ပါနဲ့။ Coinbase အကောင့်ရဲ့ Balance ထဲကို ဝင်ကြည့်ပြီး ငွေဝင်ပြီဆိုတာ သေချာမှသာ Confirm လုပ်ပေးပါ။ သူငွေလွှဲပေးလိုက်တာ ကိုယ့် Coinbase Account Balance ထဲကို ရောက်တာ သေချာပြီဆို Confirm လုပ်ပေးပါ။ Confirm လုပ်ရင်လည်း သူ သတ်မှတ်ထားတဲ့ အချိန်အတွင်း Confirm လုပ်ပေးပါ။ အချိန်ကျော်သွားရင် ငွေရပြီး Confirm မလုပ်ဘူးဆိုပြီး MMM က အကောင့်ကို ပိတ်သွားပါလိမ့်မယ်။ ဒါကြောင့် ငွေသွင်း ငွေထုတ်တဲ့ အချိန်တွေဆို သေချာ ဂရုစိုက်ပေးကြပါ။ အားလုံး အောင်မြင်ကြပါစေ!!!