Mini Job လုပ်ပုံ
- MMM မှာ လုပ်ရတဲ့ Mini Job ဆိုတာ ဘာမှ မခက်ခဲပါဘူး။ ၁ ရက်ကို ၁ဝ မိနစ်လောက် လုပ်လိုက်ရုံနဲ့ ပြီးသွားပါပြီ။ Mini Job ဆိုတာ ဘာတွေ လုပ်ရတာလဲဆိုတော့ Facebook မှာ Comment ဝင်ရေးရတာတို့ ၊ Twitter မှာ Share ပေးရတာတို့၊ You Tube မှာ Comment တင်တာတို့ပါဘဲ။ အဲဒီလို လွယ်တာကိုတောင် MMM က မလုပ်တတ်မှာ စိုးတဲ့အတွက် ပုံတစ်ပုံချင်းစီနဲ့ ဘာပြီးရင် ဘာနှိပ်ကအစ သေချာ ရှင်းပြပေးထားတာပါ။ ဒါကြောင့် လုပ်ရတာ အင်မတန် လွယ်ကူပါတယ်။ လူတစ်ယောက်ကို တစ်နေ့ Mini Job 5 ခု ပြပေးထားပါတယ်။ အဲဒီ ၅ ခုထဲက ၁ ခုပဲ လုပ်ပေးရမှာပါ။ Job တစ်ခုစီမှာ ဘာတွေ လုပ်ရမလဲ ဆိုတာ အကြမ်းဖျင်း ရေးပေးထားပါတယ်။ ဒါကြောင့် အရင်ဆုံး ဘယ် Mini Job က လွယ်မလဲဆိုတာ ဖတ်ကြည့်ပါ။ ပြီးမှ ကိုယ့်အတွက် အလွယ်ဆုံး ဖြစ်မယ်ထင်တဲ့ Mini Job ကို ရွေးပြီး လုပ်ပါ။ အောက်မှာ Mini Job ကို Sample လုပ်ပြထားပါတယ်။ ကြည့်ကြည့်ပါ။
Mini Job မလုပ်ခင် ဖွင့်ထားရမယ့် Account များ (ရှိပြီးသားဆို ထပ်ဖွင့်စရာ မလိုပါ)
- Gmail
Mini Job လုပ်ရာတွင် သတိပြုရမည့် အချက်များ
- Mini Job တွေက မနက် ၆ နာရီခွဲရင် စပြီး လုပ်လို့ ရပါပြီ။
- Job တစ်ခုကို စလုပ်ပြီ ဆိုတာနဲ့ မိနစ် ၃ဝ အတွင်း ပြီးအောင် လုပ်ပေးရပါမယ်။ အချိန် ဘယ်လောက်ကျန်တယ် ဆိုတာကို အပေါ်ဆုံးမှာ ပြထားပေးပါတယ်။
- တစ်ခါတလေ ကိုယ်က လွယ်မယ်ထင်ပြီး Job တစ်ခု ရွေးပြီး Start လုပ်လိုက်တယ်။ ပြီးတော့မှ သေချာ မလုပ်တတ်ဘူး ဖြစ်နေတယ်ဆိုရင် အောက်ဆုံးမှာ Reject Task ဆိုတာ ရှိပါတယ်။ နှိပ်လိုက်ပါ။ ဒါဆို Job ၅ ခုကို ပြန်လည် ရွေးချယ်ခွင့် ရရှိပါလိမ့်မယ်။
- Mini Job တိုင်းမှာ Hash Tag ဆိုတာ ထည့်ပေးရပါတယ်။ Hash Tag ဆိုတာ အပေါ်ဆုံးမှာ သူပြောထားတဲ့ Hash Tag တွေကို Copy ကူးပြီး ထည့်ပေးလိုက်ရုံပါဘဲ။ Job တစ်ခုနဲ့တစ်ခု Hash Tag ချင်းက မတူဘူး ဆိုတာ သတိထားပေးပါ။
- တကယ်လို့ ကိုယ်လုပ်တဲ့ Mini Job မှာ Referral Link ဆိုတာ ထည့်ခိုင်းတယ်ဆိုရင် ကိုယ့်ရဲ့ Referral Link ကို ထည့်ခိုင်းတာပါ။ ကိုယ့်ရဲ့ Referral Link ကို ဘယ်လို ရှာရမလဲ ဆိုရင် MMM Global မှာ Referrals ကို နှိပ်ပြီး Show My Referral Link ကို နှိပ်လိုက်ပါ။ ဒါဆို ကိုယ့်ရဲ့ Referral Link ကို တွေ့ပါပြီ။
- ကိုယ့်ရဲ့ Referral Link ကို Copy ကူးပါ
- https://goo.gl ကို သွားပါ
- စောစောက ကူးလာတဲ့ Referral Link ကို Paste လုပ်လိုက်ပါ
- I am not a Robot ကို နှိပ်ပြီး Shorten URL ကို နှိပ်ပါ
- ဒါဆို ကိုယ့်ရဲ့ Referral Link လေး ဘေးမှာ ထွက်လာပါလိမ့်မယ်။
- ဘေးမှာ ထွက်လာတဲ့ Referral Link ကို Copy ကူးပြီး Mini Job က သူထည့်ခိုင်းတဲ့ နေရာမှာ ထည့်ပေးလိုက်ပါ။ ဒါဆို အဆင်ပြေသွားပါပြီ
Mini Job Sample
- အခု ဥပမာ ပြထားတဲ့ Mini Job ကတော့ Twitter မှာ Video တစ်ခုကို Share ခိုင်းတာပါ။ Start နှိပ်လိုက်ပါ။ ဒါဆို စတင်ပြီး Mini Job လုပ်လို့ ရပါပြီ။
- Step 1 ကနေ Step 7 က Twitter Account ဖွင့်ဖို့ ပြောထားတာပါ။ ကိုယ်က ရှိပြီးသား ဖြစ်တဲ့ အတွက် Step 8 ကို ကျော်လိုက်ပါမယ်။ Twitter ကို Log in ဝင်ထားလိုက်ပါ
- Step 8 မှာ ပြောထားတဲ့ Link ကို သွားပြီး ကြိုက်တဲ့ Video တစ်ခု ရွေးလိုက်ပါ
- Step 9 က Share လုပ်ခိုင်းထားတာပါ။ Video တစ်ခု ရွေးပြီးသွားပြီးဆိုရင် Share ကို နှိပ်ပြီး Share to twitter ကို နှိပ်လိုက်ပါ
- Step 10 မှာ MMM နဲ့ ပတ်သက်တဲ့ Comment တစ်ခု၊ Hash Tag တွေနဲ့ Referral Link ကို ထည့်ခိုင်းပါတယ်။ MMM နဲ့ ပတ်သက်တဲ့ ကြိုက်တဲ့ Comment ရေး ၊ သူထည့်ခိုင်းတဲ့ Hash Tag တွေကို အပေါ်ဆုံးမှာ သွားကြည့်ပြီး Copy ကူးထည့် ၊ ကိုယ့်ရဲ့ Referral Link အတိုကောက်ကို ထည့်လိုက်ပါ။ ပြီးရင် Tweet ခလုတ်ကို နှိပ်လိုက်ပါ။ ဒါဆို ကိုယ့်ရဲ့ Twitter မှာ Share ပြီးသား ဖြစ်သွားပါပြီ
- Step 12 မှာက ကိုယ် Tweet လုပ်လိုက်တဲ့ အချိန်ကို နှိပ်ခိုင်းပါတယ်။ နှိပ်လိုက်ပါ။ နှိပ်လိုက်ရင် ကိုယ်စောစောက ရွေးထားတဲ့ Video ရယ် ကိုယ် Share တုန်းက ရေးလိုက်တဲ့ ပို့စ်ကို တွေ့ပါလိမ့်မယ်
- Step 13 မှာ ကိုယ်တင်လိုက်တဲ့ ပို့စ် Link ကို Copy ကူးခိုင်းတာပါ။ Copy ကူးလိုက်ပါ။
- Step 14 မှာ ကူးလာတဲ့ ပို့စ် Link ကို သူပြောထားတဲ့ Enter the link (URL Address) here မှာ ထည့်ပါ
- ပြီးရင် Send for Approval ခလုတ်ကို နှိပ်လိုက်ပါ
- ဒါဆို Mini Job လုပ်ပြီးသွားပါပြီ။ လုပ်ပြီးသွားတဲ့ Mini Job တွေကို MMM Global ရဲ့ Mini Job စစ်ဆေးတဲ့ သူတွေ (Moderator) က စစ်ဆေးပါလိမ့်မယ်။ being moderated ဆိုတာက ကိုယ်လုပ်ထားတဲ့ Mini Job ကို Moderator တွေ စစ်ဖို့ စောင့်နေရတာကို ပြောတာပါ။
- in front of you in the queue ဆိုတာက ကိုယ့်လိုမျိုး Mini Job လုပ်ပြီး Moderator တွေ စစ်တာကို စောင့်ဖို့ပြနေတဲ့ ကိုယ့်ရှေ့က လူအရေအတွက်ပါ။ ပုံပါအတိုင်းဆို ကိုယ့်ရှေ့မှာ 131587 ယောက် ရှိနေတာကို ဆိုလိုတာပါ။ ထိုင်စောင့်နေစရာ မလိုပါဘူး။ ညလောက်မှ ဖြစ်ဖြစ် နောက်နေ့ Mini Job လုပ်ပြီးမှဖြစ်ဖြစ် ကြည့်လိုက်ပါ။
- သူတို့ စစ်ဆေးပြီးလို့ ကိုယ် Mini Job လုပ်တာ မှန်သွားပြီဆိုရင် Online ဆိုတဲ့ နေရာလေးမှာ တစ်ရက်ကို 2.67% အနေနဲ့ တက်လာပါလိမ့်မယ်။ တစ်လကို 80% ပြည့်သွားတယ်ဆို နေ့တိုင်း Mini Job မှန်တယ်ဆိုတဲ့ သဘောပါ။
- ကဲ Mini Job ဆိုတာ ဒါလေးတွေ လုပ်ပေးရတာပါဘဲ။ ဘာမှ မခက်ခဲပါဘူး။ ဒါကြောင့် နေ့တိုင်း Mini Job လေးတွေ မှန်မှန်နဲ့ မှန်မှန်ကန်ကန် လုပ်ပေးပါ။ ဒါဆို သင်ရင်းထားတာရဲ့ အတိုး 3.33% ကို နေ့တိုင်း ရပါလိမ့်မယ်။ အားလုံးပဲ အောင်မြင်ပါစေ!!!